စစ်အာဏာရှင်စနစ်ပြုတ်ကျရေးသည် မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးအတွက် အနီးစပ်ဆုံးအရည်အချင်းရှိ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြပါ။ ( ဇာနည်မောင် )

Saturday, May 29, 2010

“ စည်းလုံးခြင်းရဲ့အင်အား ”


မသေချာသေးဘူး -----
ပန်းတိုင်ကိုသိပေမယ့်
မုန်တိုင်းထန်တဲ့ခရောင်းလမ်းဖြစ်နေတယ်
မျက်မမြင်ပုဏ္ဍားတွေကလည်း
သူတို့စမ်းမိရာကို
အမှန်တရားအဖြစ်
မင်းကြီးထံကိုလျှောက်တင်နေကြတယ် --- ။
အခက်အခဲများစွာကို -----
ဥာဏ်သတိနဲ့ယှဉ်ကာကျော်ဖြတ်နိုင်သူဟာ
ဘ၀မှာအောင်မြင်သူတွေပဲ --- ။
အညှာမခိုင်လို့ကြွေရတာတွေနဲ့ -----
သပ်လျှိုဖြိုခွဲလို့ပြိုကွဲခဲ့ရတာတွေကလည်း
လောကနိယာမတရားတွေပေမို့
ဒုနဲ့ဒေးမှ --- ဒုနဲ့ဒေး ပဲ --- ။
သေချာတာတခုက -----
စည်းလုံးညီညွတ်မှုမရှိရင်
ထင်းချောင်းတချောင်းစီကိုအလွယ်တကူချိုးကာ
သူတို့အလိုကျ
မီးရှို့သုံးပစ်တာကိုခံရလိမ့်မယ် --- ။

              ဇာနည်မောင်



No comments: