စစ်အာဏာရှင်စနစ်ပြုတ်ကျရေးသည် မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးအတွက် အနီးစပ်ဆုံးအရည်အချင်းရှိ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြပါ။ ( ဇာနည်မောင် )

Tuesday, May 25, 2010

“ ရာဇ၀င်သမိုင်းမရိုင်းအောင် ”



ကြေကွဲစရာအတိတ်
ပျော်ရွှင်စရာအတိတ်တွေကို
ထိုင်လွမ်းစားမြုံပြန်ကာကြေကွဲနေမယ့်အစား
လက်ရှိအချိန်မှာလက်တွေ့လုပ်ရပ်တွေနဲ့
အနာဂတ်တခုလှပဖို့
ပြုပြင်ပြောင်းလဲလုပ်ဆောင်သင့်တယ့့်  ။
ကျန်ရစ်ခဲ့တဲ့အတိတ်က
နာကျည်းစရာတွေကိုမှတ်ထား
သူငယ်ချင်းရေ့  နောင်ဆက်မမှားအောင်ကြိုးစား
သိရက်နဲ့ဆက်မိုက်နေတဲ့  မင်း
ရလေလိုလေ အိုတစ္ဆေပဲ
အမှားတွေကိုပြင်တဲ့အခါမှာ
တကိုယ်ကောင်းစိတ်တွေကို ခ၀ါချ
တဖြေဖြေခြင်းနဲ့ပြုပြင်တဲ့နည်းကအကောင်းဆုံးပ့  ။
သာမန်အညတရတယောက်ဖြစ်ပေမယ့်
အတွေးအခေါ်လုပ်ရပ်ကောင်းတွေကိုသယ်ယူ
ပွဲပြီးမီးသေမဟုတ်တဲ့လုပ်ရပ်တွေနဲ့
အရာရာကိုချင့်ချိန်လုပ်ဆောင်သွားနိုင်မှသာလျှင်
လူသေသွားခဲ့ရင်တောင်
သမိုင်းကောင်းတခုကျန်ခဲ့မယ့့်  ။

                   ဇာနည်မောင်

No comments: