စစ်အာဏာရှင်စနစ်ပြုတ်ကျရေးသည် မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးအတွက် အနီးစပ်ဆုံးအရည်အချင်းရှိ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြပါ။ ( ဇာနည်မောင် )

Saturday, December 19, 2009

10 Demcember International Human Right Day Photos








၁၀ ဒီဇင်ဘာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် နယ်သာလန်နိုင်ငံ Den Heag မြို့ရှိ ပြည်ထဲရေးဝန် ကြီးရုံးရှေ့မှာ B D C မှဦးဆောင်ပြီး န အ ဖ ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ကန့်ကွက်ကြောင်း ဆန္ဒပြနေကြသည့် ဓါတ်ပုံတချို့


10 December International Human Right Day Some Photos










၁၀ ဒီဇင်ဘာ ၂၀၀၉ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် B D C အဖွဲ့မှ န အ ဖ ၏ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအား ကန့်ကွက်ကြောင်း နယ်သာလန်နိုင်ငံ Den Heag မြို့ရှိ အမေရိကန် သံရုံး ရှေ့မှာသွားရောက် ဆန္ဒပြနေကြပုံတချို့

Thursday, December 3, 2009

“ ပြန်ဆုံမယ်အဖေ ”



တကိုယ်ရည်နေ့တွေက
အထီးကျန်ဆန်လွန်းလှတယ် အမေရယ်
အမြင်မတူကြလို့ ပြန်မပြောတတ်ရင်
ပြန်မပြောနားမထောင်လုပ်တတ်တဲ့သား
အကြီးအငယ်၊အလယ်အလတ်မရွေး
သားဘ၀မှာဆရာကောင်းတချို့တွေ့ခဲ့လို့
အခုအချိန်မှာတော့
တည်ငြိမ်မှုတခုရနေပြီ အမေ့  ။
သားဘ၀မှာ အမေနဲ့ပြန်ဆုံဖို့ကြိုးစားရင်း
ကြိုးစားရင်းနဲ့ပဲ
သားပြန်အလာကိုမစောင့်နိုင်တော့တဲ့ အမေ
သားငယ်ကြောင့် ငိုခဲ့ရတာတွေရှိခဲ့ရင်
အမေကောင်းရာဘုံဘ၀ကနေ
သားကိုခွင့်လွှတ်ပါ့  ။
မဖြောင့်ဖြူးတဲ့ ဘ၀လမ်းမှာ့ 
ယုံကြည်ချက်တခုကို
စွဲမြဲစွာဆုပ်ကိုင်ကာ
အစွန်းနှစ်ဖက်ကိုမရောက်စေဖို့
အမေငယ်ငယ်က ပြောခဲ့သလိုမျိုး
နဖူးပေါ်လက်တင်ပြီး
သေသေချာချာသားစဉ်းစားခဲ့တယ့့်  ။
စနစ်ဆိုးအောက်မှာမွေးဖွားလာခဲ့တဲ့သာ့း့ 
အမေ့အိမ်ကိုစွန့်ခွါလာခဲ့ရကာ
ခက်ခဲကြမ်းတမ်းတဲ့
ဘ၀တိုက်ပွဲတွေကိုဝင်ရတော့မှ
အမေပြောခဲ့တဲ့စကားတွေက
မြေကြီးလက်ခတ်မလွဲ
မှန်နေတာကို သားသိခဲ့ရတယ့့်  ။
အရှုံးမပေးပါဘူး အမေ့ 
သားကအမှန်တရားအတွက်ဆိုရင်
ခေါင်းမာတတ်တာကိုအမေအသိဆုံးပါ
တရားဓမ္မနဲ့ပျော်မွေ့နေတဲ့ အဖေ
သားမိုက်လေးလို့ချစ်စနိုးခေါ်ခဲ့ပေမယ့်
သားငယ်မမှားတာကို
အဖေကောင်းကောင်းသိခဲ့ပါတယ့့်  ။
အဖေပြောခဲ့သလိုပဲ့ 
ရှေးဘ၀၀ဋ်ကြွေးတွေကြောင့်
သားတိုခွဲနေကြရပေမယ့်
တော်ရာအရပ်မှာပျော်အောင်နေရင်း
အဖေရေ
ဂန္တ၀င်မြောက်စွာနဲ့
အိမ်ကိုပြန်ဝင်လာနိုင်အောင်
နည်းလမ်းအသစ်တွေရှာကြံကာ
ပြန်ဝင်လာဖို့ကြိုးစားနေဆဲပဲ
ဖိုးသက်ရှည်သားချစ်တဲ့ အဖေ
သားတို့တတွေ ထမင်းလက်ဆုံအတူစားဖို့
အားတင်းလို့စောင့်လိုက်အုံးပေါ့  ။

    ဇာနည်မောင်

၃.၁၂.၂၀၀၉ ( ကြာသာပတေးနေ့ )



အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆန္ဒပြပွဲဖိတ်ကြားစာ


Tuesday, October 13, 2009

ဆဌမအကြိမ် ဗဟိုကော်မတီ၏ ပထမအကြိမ်တွေ့ဆုံ ဆုံးဖြတ်ချက်များ

( ၁ ) မြန်မာ့ဒီမိုကရေစီအင်အားစု ( နယ်သာလန် ) မှတ်ပုံတင်ရန်ကိစ္စကို
ကိုညီညီ နှင် မချိုမာ တိုမှ ပူးပေါင်းဆောင်ရွက်ရန်
( ၂ ) အဖွဲ့ဝင်ကဒ်ပြား ကိစ္စကို
ကိုညီညီမှ တာဝန်ယူဆောင်ရွက်ရန်
( ၃ ) အမေရိကန်မူဝါဒနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ရန်နှင့် ရေးသားရန်
ဘာသာပြန်အလုပ်အဖွဲ့
( ၁ ) ကိုညီညီ
( ၂ ) မချိုမာ
( ၃ ) ကိုမြတ်အေးစော
( ၄ ) ကိုဇင်မင်းထွန်း
( ၄ ) အဖွဲ့၏ Blog ကိစ္စနှင့်ပတ်သက်ပြီး
( ၁ ) ကိုကျော်လွင်စိုး
( ၂ ) ကိုဇော်နိုင် တိုမှတာဝန်ယူရန်
( ၅ ) ဒေါ်အောင်ဆန်းစုကြည် ပုံနှင့် တခြားနိုဗယ်ဆုရှင်တွေတံဆိပ်ပါ တီရှပ် ထုတ်ရန်ကိစ္စကို
( ၁ ) ကိုမျိုးဇော်
( ၂ ) မချိုမာ
( ၃ ) ကိုဇင်မင်းထွန်း တိုမှပူးပေါင်းထည့်ဝင်ငွေဖြင့်တာဝန်ယူကြရန်
( ၆ ) I N D အလုပ်ကော်မတီ
( ၁ ) ကိုညီညီ
( ၂ ) ကိုမြတ်အေးစော
( ၃ ) ကိုရန်လင်း
( ၄ ) ကိုဇင်မင်းထွန်း တိုမှပူးပေါင်းညှိနိုင်းလုပ်ဆောင်ကြရန်
( ရ ) အဖွဲ့အစည်း၏ရှေ့လုပ်ငန်းစဉ်များ
နိုင်ငံရေးနှင့်ပတ်သက်၍ငှင်း
ဘာသာရေးကိစ္စ
လူမူရေးကိစ္စ တို့ကိုပူပေါင်းဆောင်ရွက်ရန်
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် နိုင်ငံခြားရေးရုံး ရှေ့တွင်သွားရောက် ဆန္ဒ ပြရန်
နိုဝင်ဘာ ၂၉ တနင်္ဂနွေနေ့တွင် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို
Utrecht မှာပြုလုပ်ရန်
ဆဌမအကြိမ်ဗဟိုကော်မတီ

Thursday, October 8, 2009

“ ခရီးမှာ ”



ဘ၀တခုနဲ့မမျှ
ဒုက္ခတွေက ဗရပွ
တချို့သူတွေလည်း
အောင်မြင်ကာမော်ကြွားနိုင်ကြ
တချို့သူတွေလည်း
ရှုံးနိမ့်ကာငြိုးမှိုင်ကြ
တချို့သူတွေလည်း
ထပ်ကာထပ်ကာကြိုးစားနေကြ
တချို့သူတွေလည်း
တွေဝေနေကြ
သေချာတာတခုကတော့
ဒီခရီးမှာတွေဝေနေရင်ရှုံးမှာပဲ့  ။
အပြောင်းအလဲများတဲ့လောက
ယုံကြည်ချက်တခုကို
မယိမ်းမယိုင်ဆုပ်ကိုင်ကာ
လှေခွက်ချည်းကျန်အလံမလဲ စိတ်ဓါတ်မျိုးနဲ့
အခြေအနေအချိန်အခါအရ
ရှေ့ကိုပဲ ရဲရဲဆက်တိုးနိုင်မှ
ဒုက္ခတွေကတော့
ဘ၀တခုနဲ့မမျှ့  ။
သမိုင်းစဉ်တလျှောက်မှာတော့
ခိုင်မာတဲ့အပြုံး
တည်ကြည်တဲ့နှလုံးပိုင်ရှင်တွေက
ပြည်သူတွေဘ၀တလျှောက်လုံး
နစ်မွန်းအညွန့်ကျိုးစေမယ့်
စည်းမျဉ်းဥပဒေတွေနဲ့
ပြည်သူတွေကို အဆိပ်မခပ်ကြ့  ။
လက်ရိအချိန်နေ့တဓူဝ
ရင်ဆိုင်ကြုံတွေ့နေကြတဲ့
ပြဿနာတွေအတွက်ကိုတော့
ပြည်သူအများတကာက
ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ပဲဖြေရှင်းချင်ကြ
သို့သော့့် 
သိရက်နဲ့ဆက်မိုက်နေကြတဲ့
အာဏာရူးစစ်ခေါင်းဆောင်တစုနဲ့
မျက်ကန်းနောက်လိုက်တွေကတော့
ယာယီအခွင့်အရေးတွေအတွက်
မထိန်းနိုင်တဲ့ အတ္တတွေနဲ့
တဇောက်ကန်း ဆက်မိုက်နေကြဆဲ
တကယ်ဆိုရင်
မျက်ကန်းနောက်လိုက်တွေက
ယာယီအခွင့်အရေးအနည်းငယ်ရထားတဲ့အတွက်
သူတို့တွေဟာလည်း
အဖိအနှိပ်ခံတွေပဲဆိုတာကို
မေလျှော့နေကြလေရဲ့  ။
မိုးသံလေသံပြင်းပြင်းကြားရင်တောင်
နောက်ထပ်မုန်တိုင်းတခုများ
ထပ်ဝင်လာမလားရယ်လို့
စိုးတထိတ်ထိတ်နဲ့နေရကာ
ဘာဆိုဘာမှ ကြိုတင်သိရှိခွင့်မရတဲ့ဘဝ
နှစ်ရှည်လများ
နရသိန်စံနေရလည်း
ဘယ်နေ့ဘယ်အချိန်
လွတ်ရက်ဆိုတာအတိအကျမသိပဲ
မျက်လှည့်ဆရာလက်ထဲ
ပေါ်ဆိုရင်ပေါ် ပျောက်ဆိုရင်ပျောက်နဲ့
ပရိဿတ်ရုံစားအောင်
အလှည့်စားခံနေရတဲ့ဘ၀့  ။
ဇတ်လမ်းရဲ့အနေအထားက
စိတ်ဝင်စားစရာအလျဉ်းမရှိ
သူရဲကောင်းတွေကိုဆွဲစိထားပါလို့
ဝံပုလွေလိုအသားစားကြူသူတွေက
လူမြင်ကောင်းတဲ့မျက်နှာဖုံးသစ်တွေကို
ချုပ်နှောင်နေကြကာ ၀တ်ဖို့ကြိုးစားရင်း
အနာဂတ်မှာလည်းပဲ
ပြည်သူတွေကိုဆက်လှည့်စားဖို့
ကြိုးစားမြဲကြိုးစားနေလေရဲ့  ။
ဒီမှာ့ 
နှစ်ပရိစ္ဆေဒတချို့ကြာခဲ့တဲ့
အတွေးအခေါ်လုပ်ရပ်တွေကိုဖျောက်ပြစ်ကာ
လွတ်လပ်ဖို့ဘ၀တွေဆီကို ဆက်လျှောက်လှမ်းဖို့အတွက်မှာ
ကိုယ့်လိပ်ပြာကိုယ်မလုံကာကြောက်နေကြလို့
ကြောက်ရမ်း ရမ်းကာဆက်မိုက်နေကြတာ
သေချာပေါက်ပဲဆိုတာကိုတောင်
ကြောက်နေ ရှက်နေလို့ ၀န်မခံရဲ့ဘူမဟုတ်လား
ကဲ့  ကဲ့  ကဲ
ဆွေးမြေ့ဟောင်းနွမ်းတဲအတွေးအခေါ်နဲ့
လုပ်ရပ်တွေကို ထုတ်သုံးနေမယ့်အစား
ပြည်သူတွေဘ၀သစ်မှာ လန်းနေရအောင်
အတွေးအခေါ်သစ်လုပ်ရပ်သစ်တွေကို
ထုတ်သုံးစမ်းကြည့်လိုက်ပါလာ့း့  ။

   ဇာနည်မောင်

Wednesday, September 16, 2009

၁၂့  ၉ . ၀၉ ဆဌမအကြိမ်မြောက် မြန်မာ့ဒီမိုကရေစီအင်အားစု ( နယ်သာလန် ) ဖွဲ့စည်းပုံ

ဥက္ကဌ ကိုညီညီယု
အထွေထွေအတွင်းရေမှုး ကိုသိန်းဝင်း
တွဲဘက်အတွေထွေအတွင်းရေးမှုး မချိုမာ
နိုင်ငံရေးစည်းရုံးလှုံဆော်ဌာန တာဝန်ခံအတွင်းရေမှုး ကိုမြတ်စောအေး
တွဲဘက်တာဝန်ခံ ကိုမြတ်သီဟ
ဘဏ္ဍာရေး ဌာန တာဝန်ခံအတွင်းရေးမှုး ကိုခွန်ကြည်
တွဲဘက်တာဝန်ခံ ကိုဝင်းမျိုးဇော်
ရုံးသတင်း ပြန်ကြားရေးဌာန တာဝန်ခံအတွင်းရေးမှုး ကိုကျော်လွင်စိုး
တွဲဘက်တာဝန်ခံ ကိုဇော်နိုင်

ဒီလိုပုံနဲ့မိုးကြီးမချုပ်သွားအောင်


အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကိုယ့်ပြည်အရေးပေမို့မနေသာ
ကျွန်ုပ်ဟာလည်းပြည်သားတယောက်ပေမို့
အမှားတွေဆက်မှားကာ
ရွှေမြန်မာပြည်နွံ့ထဲမနစ်စေဖို့
ပညာရှိစကားကြွယ်သူ
နိုင်ငံရေးသမားတယောက်မဟုတ်ပေမယ့်
တော်လှန်အသိရှိထားသူတယောက်အနေနဲ့
ကျုပ်သိထားခဲ့တဲ့အမှန်တရားတွေကို
ကာရံမဲကဗျာအဖြစ်စာစီကာ
လက်လှမ်းမှီသူတွေသိအောင်တော့
မနေသာလို ကျုပ်ပြောရအုံးမပေါ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်ဆက်ပြောမယ့် အဲ့ဒီအမှန်တရားများ
သာမန်ပြည်သားတယောက်ရဲ့ စကားတွေပေမို့
ပညာရှိစကားမဟုတ်ခဲ့လို့
ဥပေက္ခာပြုထားမှာကိုတော့
ရှက့့်  ရှက့့်  ရှက်လှပါရဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်တို့ရွှေမြန်မာပြေ ( ပြည် )
ကိုယ့်အမျိုးကိုသတ်
ကိုယ့်အမျိုးကိုဖျက်နေကြတဲ့
ကမ္ဘာဆုံးတိုင်အောင်မကြေနိုင်စရာ
အာဏာရူးစစ်ဘီလူးတွေလက်ထဲရောက်ခဲ့တာ
၁၉၆၂ မတ်လ ၂ ရက်နေ့ကစ
ယနေ့အချိန်ထိပဲပါ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်တို့မြန်မာပြည်သားတွေဟာ
ဒီမိုကရေစီလိုချင်ကြတယ်ဆိုပေမယ့်
လူမျိုးစုများစွားက
သူတလူငါတမင်းနဲ့
သင်းကွဲကာတိုက်ပွဲဝင်နေကြလေတော့
အာဏာရူးတလမ်းသွားတို့အဖို့
သပ်လျှိုဖြိုခွဲရတာလွယ်ကူလှသပေါ့
နိုင်ငံရေးသမားမဟုတ်တဲ့ကျုပ်မှာ
ပြည်ထောင်စုအရေးကိုဖြေရှင်းဖို့ရာ
ဥာဏ်မမှီလေတော့
နိုင်ငံရေးသမားတွေပဲတိုင်ပင်ကာ
ဖယ်ဒရယ်ပြည်ထောင်စုအရေးကို
ဦးဆောင်မူတွေပေးကြပါလေ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ဘ၀တ၀က်စံတဇောက်ကန်းအာဏာရူးတွေကို
ငြိမ်းချမ်းတဲ့နည်းတွေနဲ့
စားပွဲဝိုင်းထိုင်ကာဖြေရှင်းလို့မရတော့တဲ့အဆုံး
ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းကလိုမျိုး
တပြည်လုံးဆန္ဒထွက်ပြတဲ့နည်းကိုပြန်သုံး
အနီးစပ်ဆုံးမှာရှိနေကြတဲ့တော်လှန်ရေးအဖွဲ့တွေက
စစ်အစိုးရရဲ့အရေးကြီးတဲ့ရုံးစိုက်ရာတွေမှာ
ဗုံခွဲတိုက်ခိုက်တဲ့နည်းတွေနဲ့
အာဏာရူးတွေနဲ့နောက်လိုက်တွေကို
ကြောက်ရွံ့တုန်လှုပ်သွားအောင်လုပ်ပြကာ
ကျုပ်တို့လိုချင်နေတဲ့
ဒီမိုကရေစီအရေးကိုဆက်တောင်းဆိုရမှာပဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
စက်တင်ဘာ ၁၈ ရက်နေ့မှာ
သေနတ်မိုးကာအကြောက်တရားပေးခဲ့လို့
အခြေအနေအရအားမတန်လို့မာန် ခဏာလျှော့ရပေမယ့်
ဒီမိုကရေစီရရှိရေးဆိုတာအမြစ်တွယ်လာလို့
ရင်ထဲမှာအခုအထိဆက်လက်ရှင်သန်ကာ
ရောက်လေရာအရပ်မှာကျရာအခန်းက
ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
စစ်အာဏာရူးတို့အကြောက်တရားကြီးစိုးကာ
မျက်ကန်းတစ္ဆေမကြောက်ဆက်မိုက်နေတာကို
ကျုပ်တို့တတွေယဉ်ကျေးစွာနဲ့တုန့်ပြန်ဖို့
မဲသွားမပေးပဲနေလိုက်ကြကာ
အာဏာရူးတို့လုပ်ရပ်တွေကို
ဥပေက္ခာပြုထားလိုက်ကြစို့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
အာဏာရူးတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ထောင်ချောက်ထဲ
ခင်ဗျားမဲသွားပေးရင် ခင်ဗျားပါတရားခံဖြစ်မယ်
အသိတရားနဲ့ယှဉ်နေ
တွေ့  ဝေ့  ကြွေ
ဒီအချိန်မှာကျုပ်တို့တတွေ တွေဝေပြီးပါသွားရင်
နောက်လာမယ့်ကျုပ်တို့ရဲ့ သားစဉ်မြေးဆက်တွေ
စစ်ဖိနပ်တွေရဲ့ကြမ်းတမ်းတဲ့နင်းချေမူအောက်မှာ
အညွှန့်တုံးအစတုံးဘ၀တွေနဲ့
ဒုက္ခဆင်းရဲမှုတွေအောက်
ဆက်လက်ကြွေကာနင်းပြားတွေဖြစ်နေအုံးမှပဲ
ကဲ့  ကဲ အသိတရားးရှိတဲ့လူသားတို့
အခုလိုအရေးကြီးတဲ့အချိန်မှာ
ကိုယ်ပိုင်အသိတရားတွေနဲ့ ရဲသွေးမွေးကြစို့  ။

ဇာနည်မောင်