စစ်အာဏာရှင်စနစ်ပြုတ်ကျရေးသည် မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးအတွက် အနီးစပ်ဆုံးအရည်အချင်းရှိ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြပါ။ ( ဇာနည်မောင် )

Sunday, April 11, 2010

“ ရေမြေခြားအလွမ်း ”


တနယ်တကျေးရောက်ကာ
ဝေးနေပေမယ့်လည်း
ဒီအချိန်ဒီလကိုရောက်တိုင်း
နှစ်စဉ်အမြဲသတိရနေတယ့့်  ။
တချိန်တုန်းကဆို
ဒီအချိန်ကိုရောက်တိုင်း
ရွှဲစိုအောင်ရေတွေလောင်းပက်ပါလို့
အပေါင်းအဖေါ်များနဲ့
အပျော်ကြီးပျော်ခဲ့ အဲ့ဒီသင်္ကြန်ရက့့်  ။
ရေမြေခြားသင်္ကြန်ပွဲမှာတော့
အမိမြေမှာလိုမပျော်လည်း
ကပိုကရိုရွှဲစိုပြီး
အပြုံးမပျက်အလှမပျက်အောင်ပဲ
ရသေ့စိတ်ဖြေနည်းနဲ့ဆင်နွဲ
အဲ့ဒီနှစ်သစ်ကူးတဲ့ သင်္ကြန်ပွဲ့  ။
တချိန်တုန်းကဆိုရင်ပေါ့
အမေမွေးတဲ့အညာမြေမှာ
ကွမ်းတောင်ကိုင်ဆယ်ကျော်သက်ကိုလည်း
ဦးဦးဖျားဖျားရေလောင်းခဲ့ဖူးတယ်
တိုက်ဆိုင်မှုတွေရှိနေတိုင်း
ရေမြေခြားနေပေမယ့်
အမိမြေကိုလွမ်းစိတ်ကပိုကဲ့  ။
ဒီအချိန်ကိုရောက်ရင်တော့
ရေဖလားလေးနဲ့ရေပက်တာကိုလည်း
ထာဝစဉ်အမြဲ လွမ်းရစမြဲ
တနှစ်မှာတခါသာပွင့်တဲ့
သင်းပျံတဲ့ပိတောက်တွေကိုလည်းလွမ်းရမြဲ့  ။

 ဇာနည်မောင်

Friday, April 9, 2010

“ သွားပေတော့ အိုရဲဘော် ”



မှတပါး အခြားမရှိ
ဘ၀တပါး တရားရှိမှ
ဓမ္မတရား အသိရှိမှ့  ။
သွားပေတော့ တယောက်
နောက်တယောက်တော့
အလှည့်ကျပေါ့  ။
(၀၁.၀၄.၂၀၁၀ ) ရက်နေ့တွင် ကွယ်လွန်သွားသော ရဲ့ဘော်ကြီး
RAMBO ကောင်းရာသုဂတိလားပါစေ့  ။
မောင်မောင်မော် ( B C )
NLD . LA ( THE NETHERLANDS )

Friday, April 2, 2010

“ ရှင်သန်မြဲ ”

တမြေခြားမှာအိမ်လွမ်းစိတ်တွေ့ 
ကပိုကရိုနဲ့သေဆုံးနေခဲ့ရပေမယ့်
မတရားတဲ့အမိန်တွေကိုဖီဆန်ပြီး
ကိုယ်တိုင်ရွေးပြီးလျှောက်ခဲ့တဲ့လမ်းက
ဘ၀အတွေ့အကြုံတွေက
ယုံကြည်မှုတွေကိုဆက်လက်လုပ်ဆောင်ဖို့
အင်အားအပြည့်နဲ့ရှင်သန်မြဲ
သားလိမ္မာတို့ရဲ့ပန်းတိုင်
ကြမ်းတမ်းကာရီဝေနေပေမယ့်
မနက်ဖြန်တွေများစွာရှိနေသေးရင်တော့
မုချမသွေတနေ့မှာတော့ရောက်ရမယ့့်  ။

ဇာနည်မောင်