စစ်အာဏာရှင်စနစ်ပြုတ်ကျရေးသည် မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးအတွက် အနီးစပ်ဆုံးအရည်အချင်းရှိ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြပါ။ ( ဇာနည်မောင် )

Saturday, December 19, 2009

10 Demcember International Human Right Day Photos








၁၀ ဒီဇင်ဘာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် နယ်သာလန်နိုင်ငံ Den Heag မြို့ရှိ ပြည်ထဲရေးဝန် ကြီးရုံးရှေ့မှာ B D C မှဦးဆောင်ပြီး န အ ဖ ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ကန့်ကွက်ကြောင်း ဆန္ဒပြနေကြသည့် ဓါတ်ပုံတချို့


10 December International Human Right Day Some Photos










၁၀ ဒီဇင်ဘာ ၂၀၀၉ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် B D C အဖွဲ့မှ န အ ဖ ၏ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအား ကန့်ကွက်ကြောင်း နယ်သာလန်နိုင်ငံ Den Heag မြို့ရှိ အမေရိကန် သံရုံး ရှေ့မှာသွားရောက် ဆန္ဒပြနေကြပုံတချို့

Thursday, December 3, 2009

“ ပြန်ဆုံမယ်အဖေ ”



တကိုယ်ရည်နေ့တွေက
အထီးကျန်ဆန်လွန်းလှတယ် အမေရယ်
အမြင်မတူကြလို့ ပြန်မပြောတတ်ရင်
ပြန်မပြောနားမထောင်လုပ်တတ်တဲ့သား
အကြီးအငယ်၊အလယ်အလတ်မရွေး
သားဘ၀မှာဆရာကောင်းတချို့တွေ့ခဲ့လို့
အခုအချိန်မှာတော့
တည်ငြိမ်မှုတခုရနေပြီ အမေ့  ။
သားဘ၀မှာ အမေနဲ့ပြန်ဆုံဖို့ကြိုးစားရင်း
ကြိုးစားရင်းနဲ့ပဲ
သားပြန်အလာကိုမစောင့်နိုင်တော့တဲ့ အမေ
သားငယ်ကြောင့် ငိုခဲ့ရတာတွေရှိခဲ့ရင်
အမေကောင်းရာဘုံဘ၀ကနေ
သားကိုခွင့်လွှတ်ပါ့  ။
မဖြောင့်ဖြူးတဲ့ ဘ၀လမ်းမှာ့ 
ယုံကြည်ချက်တခုကို
စွဲမြဲစွာဆုပ်ကိုင်ကာ
အစွန်းနှစ်ဖက်ကိုမရောက်စေဖို့
အမေငယ်ငယ်က ပြောခဲ့သလိုမျိုး
နဖူးပေါ်လက်တင်ပြီး
သေသေချာချာသားစဉ်းစားခဲ့တယ့့်  ။
စနစ်ဆိုးအောက်မှာမွေးဖွားလာခဲ့တဲ့သာ့း့ 
အမေ့အိမ်ကိုစွန့်ခွါလာခဲ့ရကာ
ခက်ခဲကြမ်းတမ်းတဲ့
ဘ၀တိုက်ပွဲတွေကိုဝင်ရတော့မှ
အမေပြောခဲ့တဲ့စကားတွေက
မြေကြီးလက်ခတ်မလွဲ
မှန်နေတာကို သားသိခဲ့ရတယ့့်  ။
အရှုံးမပေးပါဘူး အမေ့ 
သားကအမှန်တရားအတွက်ဆိုရင်
ခေါင်းမာတတ်တာကိုအမေအသိဆုံးပါ
တရားဓမ္မနဲ့ပျော်မွေ့နေတဲ့ အဖေ
သားမိုက်လေးလို့ချစ်စနိုးခေါ်ခဲ့ပေမယ့်
သားငယ်မမှားတာကို
အဖေကောင်းကောင်းသိခဲ့ပါတယ့့်  ။
အဖေပြောခဲ့သလိုပဲ့ 
ရှေးဘ၀၀ဋ်ကြွေးတွေကြောင့်
သားတိုခွဲနေကြရပေမယ့်
တော်ရာအရပ်မှာပျော်အောင်နေရင်း
အဖေရေ
ဂန္တ၀င်မြောက်စွာနဲ့
အိမ်ကိုပြန်ဝင်လာနိုင်အောင်
နည်းလမ်းအသစ်တွေရှာကြံကာ
ပြန်ဝင်လာဖို့ကြိုးစားနေဆဲပဲ
ဖိုးသက်ရှည်သားချစ်တဲ့ အဖေ
သားတို့တတွေ ထမင်းလက်ဆုံအတူစားဖို့
အားတင်းလို့စောင့်လိုက်အုံးပေါ့  ။

    ဇာနည်မောင်

၃.၁၂.၂၀၀၉ ( ကြာသာပတေးနေ့ )



အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆန္ဒပြပွဲဖိတ်ကြားစာ