စစ်အာဏာရှင်စနစ်ပြုတ်ကျရေးသည် မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးအတွက် အနီးစပ်ဆုံးအရည်အချင်းရှိ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြပါ။ ( ဇာနည်မောင် )

Thursday, January 28, 2010

့  “ ဆုံးဖြတ်ချက် ”့ 



အညှာအတာကင်းမဲ့ကာ့ 
အတ္တကြီးလွန်းတဲ့လူတစုရဲ့
လိမ်ညာလှည့်ဖြားအုပ်ချုပ်မှုတွေအောက်မှာ
လွတ်လပ်မှုအတွက်ခေါင်းထောင်တဲ့သူတွေ
ဒဏ်ရာတွေဗရပွရကာ
အမြဲတမ်းပဲ အချိုးနှိမ်ခံနေရ
တချို့နေရာတွေမှာ မျှတမှုမရှိတဲ့လောက့  ။
ကံဆိုတာကလူလုပ်သမျှဆိုတော့ 
ကိုယ့်ဘ၀၊ကိုယ့်ကံနဲ့
ကိုယ့်အနာဂတ်တခုကို
လက်တွေကျတဲ့လုပ်ရပ်တွေနဲ့ဖန်တီးဖို့
ဦးနှောက်ကိုများများသုံးလို့
လက်တွေ့လုပ်ရပ်တွေနဲ့ပေါင်းစပ်လိုက်ရင်တော့
လိုချင်တဲ့ကံတချို့ကိုဖန်တီးဖို့
သိပ်ဖြစ်နိုင်သပေါ့  ။
ကြောက်တတ်တယ်ဆိုတာက တခါတလေအကျင့်လည်းဖြစ်တတ်လို့ 
အကြောက်တရားတွေအကျင့်ပါမသွားအောင်တော့
ကိုယ်ပိုင်အသိနဲ့ပဲရဲဆေးတင်ရမပေါ့
ရောက်ချင်တဲ့ပန်းတိုင်ဆိုတာမျိုးက
တခါတလေမှာမှုန်ဝါး
တခါတလေမှာလည်းအထင်းသားပေါ်နေလေတော့
မသိရင်မေး၊မစင်ရင်ဆေးကာ
ခရီးရောက်အောင်တော့ဆက်သွားရမပေါ့  ။

       ဇာနည်မောင်